ရသေ့တောင်မြို့နယ်တွင် (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို အသိပညာပေး ဟောပြောပွဲ ပြုလုပ်ဆောင်ရွက်

ရသေ့တောင် ဖေဖော်ဝါရီ  ၉

ရခိုင်ပြည်နယ်၊စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ယမန်နေ့ မွန်းလွဲ(၁)နာရီက (၇၆)နှစ် မြောက်ပြည်ထောင်စုနေ့အကြို အသိပညာပေးဟောပြောပွဲ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

 ရှေးဦးစွာ ဒုတိယဦးစီးမှူးဒေါ်တင်ဇာဦးက ကျောင်းသား၊ ကျောင်းသူလေးများ သမိုင်းဝင်နေ့ထူးနေ့မြတ်များကို ရင်ထဲတွင် ထာဝစဉ် မှတ်သားသိရှိစေရန်၊  အမှားအမှန် ဝေဖန်ပိုင်းခြားတတ်စေရန်၊ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်စေရန်စသည့် ရည်ရွယ်ချက်များဖြင့်ဟောပြောပွဲ ပြုလုပ်ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း၊ ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်း၊ သမိုင်းဝင် ပင်လုံစာချုပ်နှင့်ပတ် သက်သော အကြောင်းအရာများကို  ကျောင်းသား၊ကျောင်းသူလေးများ သိရှိစေရန် အသိပညာပေးဟောပြောခဲ့သည်။

ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများကဟောပြောပွဲ တက်ရောက်သူကျောင်းသား၊ ကျောင်းသူလေးများအား စားစရာများ ဖြင့်ဧည့်ခံကျွေးမွေးခဲ့ကြကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)