ပေါင်မြို့နယ်တွင် (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့် ပြိုင်ပွဲများပြုလုပ်

ပေါင် ဖေဖော်ဝါရီ ၈

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့် ပြိုင်ပွဲများပြုလုပ်ခြင်းကို ယနေ့ နေ့လယ်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်တင်ဇာစိုးက ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းများကို ရှင်းလင်းဟောပြော ကြားခဲ့သည်။

ထို့နောက် ကျောင်းအုပ်ဆရာမကြီး ဒေါ်လေးဖြူဖြူက ပြည်ထောင်စုစိတ်ဓာတ်အရေးကြီးပုံ၊ ပြည်ထောင်စုစိတ်ဓာတ်သည် တိုင်းရင်းသား အားလုံးတွင် ရှိသင့်သည့်အရေးကြီးဆုံး စိတ်ပင်ဖြစ်ကြောင်း ဟောပြောသည်။

ထို့နောက် ကျောင်းသား/ကျောင်းသူများက ပုံပြော၊ ကဗျာရွတ်၊ ဆေးရောင်ခြယ်၊ စာစီစာကုံး၊ စစ်တုရင်ပြိုင်ပွဲ၊ စာအုပ်ပြပွဲ  စသည်တို့အပြင်  နံရံကပ်စာစောင်များကိုလည်း ပျော်ရွှင်စွာကြည့်ရှုခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)