ဘူးသီးတောင်မြို့ အမှတ်(၅)ရပ်ကွက်၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ကွင်းဆင်းဆောင်ရွက်

ဘူးသီးတောင် ဖေဖော်ဝါရီ ၈

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့၌ ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ မြို့နယ်မီးသတ်ဦးစီးဌာနမှ ယနေ့နံနက် (၉)နာရီအချိန်က အမှတ်(၅) ရပ်ကွက်၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ထို့သို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယမီးသတ်ဦးစီးမှူး ဦးအောင်သန်းဝင်းဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များက အမှတ်(၅) ရပ်ကွက်ရှိ နေအိမ်များ၌ မီးလောင်မှု၊ မီးလန့်မှုများမဖြစ်ပွားစေရေး၊ မီးဘေးသတိရှိရေး၊ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် နေအိမ်များ၌ မီးချိတ်၊ မီးကပ်၊ သဲပုံး၊ ရေပုံးများနှင့် မီးသတ်ဆေးဘူးများ အဆင်သင့်ထားရှိရန်နှင့်လျှ ပ်စစ်သွယ်တန်းမှု စနစ်တကျရှိ/မရှိ စစ်ဆေးခြင်းနှင့် ဟောင်းနွမ်းနေသော မီးပလပ်/ခလုတ်များအား လဲလှယ်တပ်ဆင်အသုံးပြုကြရန် မှာကြားစစ်ဆေးခြင်း၊ မီးသတ်ဆေးဘူးများ စနစ်တကျ ပြင်ဆင်ထားရှိမှု (လေပေါင်)ရှိ/မရှိ စစ်ဆေးခြင်းနှင့် မီးဘေးလုံခြုံရေးဆိုင်ရာတို့ကို စစ်ဆေးမှာကြားခဲ့ကြပြီး မီးသတ်ဆေးဘူး ကိုင်တွယ်အသုံးပြုနည်းများကို သရုပ်ပြရှင်းလင်းပေးခဲ့ကြောင်း သိရသည်။

လှကျော် (ပြန်/ဆက်)