မြောက်ဦး ဖေဖော်ဝါရီ ၈
ရခိုင်ပြည်နယ် ၊ မြောက်ဦးခရိုင် ၊ မြောက်ဦးမြို့နယ်အတွင်း၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် ယနေ့ နံနက် ၁၀ နာရီအချိန်က ဆူးရာဇ်ချောင်းကျေးရွာရှိ ဟာလာဆန်စက်များသို့သွားရောက်၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
ထို့သို့ဆောင်ရွက်ရာသို့ မြို့နယ်မီးသတ်ဦစီးဌာနမှ ဦးစန်းလွင် ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များက မီးဘေးလုံခြုံမှုရှိစေရေးအတွက် မီးသတိပြုရေး၊ လျှပ်စစ်ဝါယာကြိုးများစနစ်တကျသွယ်တန်းထားမှု ၊ မီးပလပ်ခလုတ်များအား ဟောင်းနွမ်းပျက်စီးနေပါကအသစ်လဲလှယ်တပ်ဆင်ရေး၊ မီးသတ်ပစ္စည်းကိရိယာများဖြစ်သော မီးသတ်ဆေးဘူး၊ မီးသတ်ရေပုံးများ၊ မီးချိတ် ၊ မီးကပ်များ၊ သဲအိတ်များ၊ရေကန်များ၌ ရေများဖြည့်တင်းကာ အသင့်ထားရှိရန်လိုအပ်ကြောင်း နှင့် မီးဘေး လုံခြုံရေး နှင့်အရေးပေါ်လွတ်မြောက်နိုင်ရေးအတွက်အရေးပေါ်ထွက်ပေါက်များထားရှိရေး ၊ မီးဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဆောင်ရန်/ရှောင်ရန် အချက်များ၊ မတော်တဆမီးလောင်မှုဖြစ်ပွားပါက မီးသတ်ဦးစီးဌာနသို့အချိန်မှီဆက်သွယ်အကြောင်းကြားနိုင်ရန်တို့ကိုရှင်းလင်း ပြောကြား ခဲ့ကြောင်း သိရသည်။
မြင့်စိုး ၊ စိုးငြိမ်းနိုင်( ပြန်/ဆက် )