မင်းပြားမြို့၌  ပြားမြို့နယ်နှင့်ပေါက်မြို့တောနယ် ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများ၏ ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲကျင်းပ

မင်းပြား ဖေဖေါ်ဝါရီ ၈

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊မင်းပြားမြို့နယ်၌မင်းပြားမြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် ပေါက်တောမြို့နယ် ကျန်းမာရေးဦးစီးဌာနတို့၏ ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲကို မင်းပြားမြို့နယ် မြို့မအားကစားဘောလုံးကွင်း၌  ယနေ့ နံနက် ၈ နာရီအချိန်က  ကျင်းပပြုလုပ်သည်။ကျန်းမာရေးဦးစီးဌာန၏ အမျိုးသား/အမျိုးသမီး  မြို့နယ်အချင်းချင်းချစ်ကြည်ရေးဘောလုံးပြိုင်ပွဲ တွင် မင်းပြားမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးစိုးမိုးက  အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်ပြီးမင်းပြားမြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသိန်းရွှေ နှင့်အားကစားသမားများက အားကစားသစ္စာအဓိဌာန်များအား ရွတ်ဆိုပြီးနောက်  မင်းပြားမြို့နယ် ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများက အားကစားသမားများအား ပန်းစည်းပေး အပ်ကြသည်။

ဆက်လက်ပြီး မင်းပြားမြို့နယ် ကျန်းမာရေးဦးစီးဌာနနှင့်ပေါက်တောမြို့နယ်ကျန်းမာရေး ဦးစီးဌာန၊အမျိုးသား၊အမျိုးသမီးဘောလုံးအသင်းတို့ယှဉ်ပြိုင်ကြရာပေါက်တောမြို့နယ်အမျိုးသား၊ အမျိုးသမီးဘောလုံးအသင်းက မင်းပြားမြို့နယ်အမျိုးသား၊အမျိုးသမီးဘောလုံးအသင်းကို အနိုင်ရရှိ ကြောင်းသိရသည်။

အဆိုပါ မင်းပြားမြို့နယ်နှင့်ပေါက်တောမြို့နယ်ကျန်းမာရေးဦးစီးဌာန၊အမျိုးသား၊အမျိုးသမီးဘော လုံးပြိုင်ပွဲကို ပေါက်တောမြို့နယ်ကျန်းမာရေးဦးစီးဌာနမှူးဒေါက်တာကိုကိုအောင်၊မင်းပြားမြို့နယ် ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာနေဝင်းထွန်းတို့ကကျန်းမာရေးဝန်ထမ်းများအချင်းချင်း ချစ်ကြည်ရင်းနှီးပြီးစည်းလုံးညီညွတ်မှုကိုရရှိစေရန် ပြိုင်ပွဲဆောင်ရွက်ခြင်းဖြစ်ကြောင်းသိရသည်။

သိန်းနုအောင်