ဂွ ဖေဖော်ဝါရီ ၈
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကို ယနေ့မွန်းလွဲ(၁၂)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်းပြီး လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကိုကျင်းပခဲ့ရာ ပထမဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ရွှေရည်ဝင်းကျော်က လူငယ်လူရွယ်များအနေဖြင့် ထာဝစဉ်လက်ဆင့်ကမ်းထိန်းသိမ်းစောင့်ရှောက်ရမည့် ပြည်ထောင်စုနေ့အကြောင်း အသိပညာပေးခြင်းနှင့် ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်း စသည့်အသိပညာပေးလုပ်ငန်းများအား ဆွေးနွေးဟောပြောခဲ့ပြီး စားသုံးသူရေးရာမှ မြို့နယ်တာဝန်ခံ ဒေါ်မာမာလေးက ကုန်အညွှန်းအမှတ်အသားနှင့် ကိုက်ညီသည့် ကုန်စည်များကိုသာဝယ်ယူသုံးစွဲရန် အသိပညာပေးဆွေးနွေးခဲ့သည်။ ထို့နောက် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကို ပြသခဲ့ရာကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်တစားကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
ရွှေရည်ဝင်းကျော်