မြေပုံမြို့အထက(သဲတန်း)ကျောင်း၌ လူငယ်များဘက်စုံဖွံ့ဖြိုးရန် လူငယ်စကားဝိုင်းပြုလုပ်

မြေပုံ ဖေဖော်ဝါရီ ၈  

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့ အထက(သဲတန်း)ကျောင်း၌ လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး အသိပညာပေးလူငယ်စကားဝိုင်းကို ယမန်နေ့ နေ့လည်(၂)နာရီအချိန်က ကျောင်းအစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

ရှေးဦးစွာ ကျောင်းအုပ်ဆရာကြီး ဦးစောသိန်းက မိတ်ဆက်စကားပြောကြားပြီး မြေပုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဒုတိယဦးစီးမှူး ဦးမောင်နီချေက ကျောင်းသား/သူများအား ဗလ(၅)တန်ဖွံ့ဖြိုးစေရန်၊ အချင်းချင်းချစ်ခင်မှုများတိုးပွားစေရန်၊ လိမ္မာယဉ်ကျေးစွာပြောဆိုဆက်ဆံတတ်စေရန်၊ စဉ်းစားတွေးခေါ်မှုများမြင့်မားလာပြီး လူတော်လူကောင်းများ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်းကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ကျောင်းသား/သူများအား ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် တိုးတက်လျှက်ရှိသောခေတ်ရေစီးကြောင်းနှင့်အညီ မိမိတို့၏ဘဝအောင်မြင်မှုများရရှိစေရန်အတွက် မိမိတို့လေ့လာသင်ယူနေမှုများကို    လွတ်လပ်စွာကွန်ယက်သဖွယ်  ဆက်စပ်တွေးခေါ်လေ့လာသင်ယူရမည်ဖြစ်ကြောင်းဆွေး နွေးသည်။ထို့နောက် ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ ဖွံ့ဖြိုးစေရန်အတွက် မိမိတို့ သိရှိလိုသည် များ အပြန်အလှန်ဆွေးနွေးကြကြောင်း သိရှိရသည်။

တင်ဝင်း