မီးတိုက်ကျေးရွာ အ.လ.က(ခွဲ)ကျောင်း၌ (ဒုတိယ)ကြိမ်မြောက် မြတ်ဆရာပူဇော်ပွဲကျင်းပ

တောင်ပြိုလက်ဝဲ ဖေဖော်ဝါရီ  ၈

ရခိုင်ပြည်နယ် ၊မောင်တောမြို့နယ် ၊မီးတိုက်ကျေးရွာ၊ အခြေခံပညာအလယ်တန်း(ခွဲ)ကျောင်း၌ (ဒုတိယ) ကြိမ်မြောက် မြတ်ဆရာပူဇော်ပွဲကို ယနေ့ နေ့လယ် ၁ နာရီအချိန်က အဆိုပါကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ  ကျောင်းသား၊ကျောင်းသူလေးများကမြတ်ဆရာ သီချင်းဖြင့် သီဆိုခဲ့ကြပြီး အခမ်းအနားဖွင့်လှစ်ကာမြတ်ဆရာကန့်တော့ချိုးဖြင့် ကန်တော့ခဲ့ကြသည်။ ထို့နောက် အ.လ.က(ခွဲ) မီးတိုက်ကျောင်းမှ ကျောင်းအုပ် ဆရာကြီး ဦးဌေးဝင်းမှ အမှာစကားပြောကြားပြီးဆရာ၊ဆရာမများကိုယ်စား ဆရာတစ်ဦးမှ ပူဇော်ခံရခြင်းများနှင့်ပတ်သတ်၍ ဝမ်းမြောက်စကားပြောကြားသည်။ ဆက်လက်ပြီး  ဆရာ၊ဆရာမများအား လက်ဆောင်ပစ္စည်းများဖြင့် ကန်တော့ကြပြီး ကျောင်းသား၊  ကျောင်းသူများကိုယ်စား ကျောင်းသားတစ်ဦးက ကျေးဇူးတင်စကား ပြောကြားကာ ကျောင်းသား၊ကျောင်းသူလေးများက ဆရာကြီးနှင့်ဆရာ၊ဆရာမတို့အား ပူဇော်​ကန်​တော့ကြပြီးအခမ်းအနားကိုရုပ်သိမ်းခဲ့ကြသည်။ အဆိုပါ အခြေခံပညာအလယ်တန်း(ခွဲ)ကျောင်း၌ ကျောင်းသား၊ကျောင်းသူစုစုပေါင်း(၁၅၀)ဦးခန့် ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

တောင်ပြို(ပြန်/ဆက်)