မြောက်ဦး ဖေဖော်ဝါရီ ၄
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာ မူလတန်းအဆင့် ဆရာ၊ ဆရာမများအား လုပ်ငန်းခွင်အကြိုရက်တိုသင်တန်းကို အောင်တပ် ရပ်ကွက် မြို့နယ်ပညာရေးမှူးရုံး ခန်းမ၌ ယနေ့ နံနက် ၈ နာရီအချိန်က သင်တန်း ပို့ချ သင် ကြားလျှက်ရှိကြောင်း သိရသည်။
ထိုနောက် လုပ်ငန်းခွင်အကြို ရက်တိုသင်တန်းတွင် သင်တန်းနည်းပြဆရာဖြစ်သည့် မြို့နယ်ပညာရေးမှူးနှင့်ထက်အုပ်၊ လယ်အုပ် (၁၂) ဦးတို့က ဝန်ထမ်းကျင့်ဝတ်နှင့် ဝန်ထမ်းစည်းကမ်း၊ ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများ၊ ဆရာကျင့်ဝတ် နှင့်ကိုယ်ကျင့် သိက္ခာ၊ ပညာရေးပြက္ခဒိန်ပါလုပ်ငန်းများဆောင်ရွက်ခြင်း၊ သင်တန်းမူလတန်း သင်ရိုးသစ် မိတ်ဆက်ခြင်း၊ ပညာရည်စစ်ဆေးတိုင်းတာခြင်း၊ ပင်စင်၊ ခွင့်အမျိုးအစားများအစရှိသည့် ဘာသာရပ်များကို သင်တန်းသား၊ သင်တန်းသူ အခြေခံပညာမူလတန်းအဆင့် ဆရာ၊ ဆရာမ (၆၀) ကျော်ခန့်တို့အား ပြသပေးပြီး သင်တန်းကာလတွင် ဖေဖော်ဝါရီ (၂) ရက်နေ့မှ (၆) ရက်နေ့အထိ (၅) ရက်ကြာပို့ချသင်ကြားလျက်ရှိကြောင်း သိရသည်။
မြင့်စိုး ၊ စိုးငြိမ်းနိုင် ( ပြန်/ဆက်)