ကျောက်တော်မြို့၌လူငယ်အသိပညာပေး(Talk Show)ပြုလုပ်

ကျောက်တော် ဖေဖော်ဝါရီ  ၃

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ လူငယ်အသိ ပညာပေး(Talk Show)ကို  ယနေ့ မွန်းလွဲ ၂  နာရီအချိန်က  ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအသိပညာပေး(TalkShow)ကျင်းပပြုလုပ်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်အေးမြသန်းက လူငယ်အသိပညာပေး(Talk Show) ပြုလုပ်ရသည့်ရည်ရွယ်ချက်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ဆက်လက်ပြီး အလယ်တန်းကျောင်းအုပ်ဆရာကြီး(ငြိမ်း) ဦးလှထွန်းသိန်းက လူငယ်များသည်အနာဂတ်တွင် နိုင်ငံတော်၏ တာဝန်များကိုပခုံးပြောင်းထမ်းဆောင်ကြမည့်သူများဖြစ်သည့်အတွက်​အသိပညာ၊အတတ်ပညာ၊ ဗဟုသုတများနှင့် ပြည်စုံရန်လိုအပ်ပါကြောင်း၊လူငယ်များအနေဖြင့် လူတော်/လူကောင်းများဖြစ်အောင်ကြိုးစားနေထိုင်သွားကြရန်လိုအပ်ပါကြောင်း၊ စာပေအတတ်ပညာများကိုတတ်မြောက် အောင်ကြိုးစားသင်ယူရမည်ဖြစ်ပါကြောင်း၊ ဒါမှသာ လူငယ်များအနေနှင့် အသိပညာဉာဏ်အမြော် အမြင်ကြီးမားပြီး စွမ်းဆောင်ရည်ထက်မြက် သော လူငယ်လူရွယ်များပေါ်ထွန်းလာမည်ဖြစ်ပါကြောင်း၊လူကြီးများသည်လူငယ်တွေရဲ့ စူးစမ်းချင်စိတ်၊ တွေးတောစိတ်၊ အလေ့အထ၊အကျင့်စရိုက်များကို ပြုစုပျိုးထောင်ပေးရန် လိုအပ်ပါကြောင်း၊ လူငယ်များအနေနှင့်မူးယစ်ဆေးဝါး အန္တရာယ်၊ ဆေးလိပ်အန္တရာယ်စသော ဆိုးကျိုးများကိုရှောင်ရှားရန်လိုအပ်ပါကြောင်းစသည့်အကြောင်းအရာများအား အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။

ခင်မောင်ထွန်း