ကျိန္တလီ ဖေဖော်ဝါရီ ၃
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကို ယနေ့မွန်းလွဲ ၁ နာရီအချိန်က ကျိန္တလီမြို့ အ-ထ-က ကျောင်းနှင့် စည်ပင်ရုံးဝန်ထမ်းများအား အခမဲ့ငှားရမ်းပေးခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် စာကြည့်တိုက်သို့မလာရောက်နိုင်သည့် ဆရာ၊ ဆရာမများနှင့် ဝန်ထမ်းများအား စာပေဖတ်ရှုနိုင်စေရေး၊ စာပေမှရရှိသည့် အသိပညာဗဟုသုတများတိုးပွားစေရေး နှင့် စာပေဖတ်ရှုသည့်အလေ့အထများရရှိစေရန်ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ပြီး သုတ/ရသ စာအုပ်များကို စာဖတ်ပရိတ်သတ်အကြိုက်ငှားရမ်းပေးခဲ့သည်။
အဆိုပါ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များအခမဲ့ငှားရမ်းပေးခြင်းကို တစ်ပတ်ပြည့်လျှင် စာအုပ်အသစ်များဖြင့်လဲလှယ်ငှားရမ်းပေးသွားမည်ဖြစ်ကြောင်းသိရသည်။
ကျိန္တလီ ပြန်/ဆက်