မောင်တော ဖေဖော်ဝါရီ ၃
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌မြို့နယ်အဆင့် ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီအချိန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံထွန်းအောင်က ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၄ ရက်နေ့ တွင် ကျရောက်မည့် တပို့တွဲလပြည့်နေ့၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှကြီးမှူး၍ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၏ ထမနဲထိုးပြိုင်ပွဲကို အမှတ်(၁)အခြေခံပညာအထက် တန်းကျောင်းဝင်းအတွင်း ကျင်းပပြုလုပ်မည်ဖြစ်သဖြင့်ပြင်ဆင်ဆောင်ရွက်ထားရှိသည့် အခြေအနေများ၊မြို့သန့်ရှင်းသာယာလှပစေရေးအတွက် ဌာနဆိုင်ရာရုံးများတွင် သန့်ရှင်းရေးဆောင်ရွက်ကြရန်စသည့်တို့ကိုမှာကြားခဲ့ပြီး တက်ရောက်လာကြသော မြို့နယ်အဆင့် ဌာနဆိုင်ရာများတာဝန်ရှိသူများက ထမနဲထိုးပြိုင်ပွဲအတွက် လုပ်ဆောင်နေသည့်လုပ်ငန်းများအသီးသီးတင်ပြကြရာဆွေးနွေးတင်ပြချက်များအပေါ် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။
သက်လွင်စိုး(ခရိုင်ပြန်/ဆက်)