ပေါက်တောမြို့သို့ အထူးကုဆရာဝန်ကြီးများအဖွဲ့လာရောက်၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ အခမဲ့ဆေးကုသဆောင်ရွက်

ပေါက်တော ဖေဖော်ဝါရီ ၃

ရခိုင်ပြည်နယ်အစိုးအဖွဲ့၏ဦးဆောင်မှုဖြင့် ပေါက်တောမြို့သို့ စစ်တွေမြို့ ကုတင်(၅၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများအဖွဲ့လာရောက်၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ အခမဲ့ဆေးကုသဆောင်ရွက်ခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဗုဒ္ဓသာသနာ့ဓမ္မဗိမာန်တော်နှင့် မြို့နယ်ပြည်သူ့ဆေးရုံးတို့တွင်ဆေးကုသရာ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

အဆိုပါ အထူးကုဆရာဝန်ကြီးများအဖွဲ့က သံဃာတော်များ၊ သာသနာ့နွယ်ဝင်သီလရှင်များနှင့် ဒေသခံပြည်သူတို့ကို မျက်စိရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ ကလေးရောဂါ၊ ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ သားဖွား/မီးယပ်ရောဂါ၊ အရိုး/အကြောရောဂါ၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ၊ စိတ်ကျန်းမာရေးရောဂါ၊ အရေပြားရောဂါ၊ ထွေထွေရောဂါတို့နှင့်ပတ်သက်၍ လိုအပ်သည့်ဆေးဝါးကုသမှုများဆောင်ရွက်ပေးပြီး ECG စက်ဖြင့် ရောဂါရှာဖွေစမ်းသပ်ပေးသည်။

ထို့သို့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများဖြစ်ကြသည့် သယံဇာတရေးရာဝန်ကြီး ဦးသန်းထွန်း၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးသက်လွင်၊ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေး၍ လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးပြီး ဆေးဝါးကုသခံယူနေသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြကြောင်း သိရသည်။

ဝင်းမင်းစိုး