ဂွ ဖေဖော်ဝါရီ ၃
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး (Mobile Library) စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးနှင့် ဝန်ထမ်းများက စာသင်ကျောင်းများ၊ ဌာနဆိုင်ရာရုံးများသို့သွားရောက်၍ ငှားရမ်းပေးခဲ့သည်။
စာငှား၊ စာဖတ်သူတိုးပွားစေရေးနှင့် စာပေဖတ်ရှုသည့်အလေ့အထများတိုးပွားစေရေးအတွက် စာကြည့်တိုက်သို့မလာရောက်နိုင်သည့် စာပေချစ်မြတ်နိုးသူများအတွက် သုတ/ ရသ စာအုပ်များကို (Mobile Library) စနစ်ဖြင့် အခမဲ့ငှားရမ်းပေးခြင်းဖြစ်ပြီး ထိုသို့ငှားရမ်းပေးခြင်းကို တစ်ပတ်ပြည့်လျှင် စာအုပ်သစ်များလဲလှယ်ပေးခြင်းဖြင့် ငှားရမ်းပေးလျက်ရှိသည်။
ရွှေရည်ဝင်းကျော်