မြောက်ဦး ဖေဖော်ဝါရီ ၃
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာမူလတန်းအဆင့် ဆရာ၊ ဆရာမများအား လုပ်ငန်းခွင်အကြို ရက်တိုသင်တန်းကို အောင်တပ်ရပ်ကွက် မြို့နယ်ပညာရေးမှူးရုံးခန်းမ၌ ယနေ့နံနက် (၈) နာရီအချိန်က သင်တန်းပို့ချသင် ကြားလျက်ရှိကြောင်း သိရသည်။
ထို့နောက် လုပ်ငန်းခွင်အကြို ရက်တိုသင်တန်းတွင် သင်တန်းနည်းပြဆရာဖြစ်သည့် မြို့နယ်ပညာရေးမှူးနှင့် ထက်အုပ်၊ လယ်အုပ်(၁၂)ဦးတို့က ဝန်ထမ်းကျင့်ဝတ်နှင့် ဝန်ထမ်းစည်းကမ်း၊ ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများ၊ ဆရာကျင့်ဝတ်နှင့်ကိုယ်ကျင့်သိက္ခာ၊ ပညာရေးပြက္ခဒိန်ပါလုပ်ငန်းများဆောင်ရွက်ခြင်း၊ သင်တန်းမူလတန်းသင်ရိုးသစ်မိတ်ဆက်ခြင်း၊ ပညာရည်စစ်ဆေးတိုင်းတာခြင်း၊ ပင်စင်၊ ခွင့်အမျိုးအစားများအစရှိသည့် ဘာသာရပ်များကို သင်တန်းသား၊ သင်တန်းသူ အခြေခံပညာမူလတန်းအဆင့် ဆရာ၊ ဆရာမ (၆၀) ကျော်ခန့်တို့အား ပြသပေးပြီး သင်တန်းကာလတွင် ဖေဖော်ဝါရီ (၂) ရက်နေ့ မှ (၆) ရက်နေ့အထိ (၅) ရက်ကြာ ပို့ချ သင်ကြားလျက်ရှိကြောင်း သိရသည်။
မြင့်စိုး ၊ စိုးငြိမ်းနိုင်