ကျောက်တော် ဖေဖော်ဝါရီ ၃
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာဖတ်ပရိသတ်များထံသို့ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့ နေ့လယ် ၁ နာရီအချိန်က အခြေခံပညာမူလတန်း(လွန်)ကျောင်း ရခိုင်ပိုက်သည်ကျောင်းသို့ သွားရောက်ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
အဆိုပါ စာဖတ်ရှိန်မြှင့်တင်ရေး Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာထောက်-၃ ဒေါ်အေးကျော့လှိုင်နှင့် ဝန်ထမ်းများက ပြည်သူ့စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာဖတ်ပရိသတ်များ၊ ဆရာ၊ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများအနေဖြင့် စာအုပ်စာပေများအား အလွယ်တကူဖတ်ရှုလေ့လာနိုင်ရန်ရည် ရွယ်၍ အပတ်စဉ် စာအုပ်၊ စာစောင်အသစ်များ၊ သုတ/ရသစာ အုပ်များ၊ မဂ္ဂဇင်းစာအုပ်များ၊ ဝတ္ထုစာအုပ်များနှင့် ရုပ်ပြစာအုပ်များအား စာဖတ်ပရိသတ်များ ကြိုက်နှစ်သက်သည့် စာအုပ်စာစောင်များအား စာဖတ်ပရိတ်သတ်များ၏ လက်ဝယ်အရောက် ကွင်းဆင်းငှားရမ်းပေးခြင်းများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ခင်မောင်ထွန်း