မင်းပြားမြို့၌(၁၅)ကြိမ်မြောက် ပရိယတ္တိသာသနဟိတဓရစာမေးပွဲဆက်လက်ဖြေဆို

မင်းပြား  ဖေဖော်ဝါရီ  ၃

ရခိုင်ပြည်နယ်၊မြောက်ဉီးခရိုင်၊ မင်းပြားမြို့နယ်၌ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းတိုက်အသီးသီးရှိ ဆရာတော်သံဃာတော်များ၏ (၁၅) ကြိမ်မြောက် ပရိယတ္တိသာသနဟိတဓရ စာမေးပွဲကို ဖေဖော်ဝါရီ ၁ ရက်နေ့မှ ဖေဖေါ်ဝါရီ ၄ ရက်အထိ  မြို့နယ်ပြည်လုံးချမ်းသာဓမ္မရုံတွင်ကျင်းပဖြေဆိုနေကြကြောင်းသိရသည်။

ထိုသို့ ပရိယတ္တိသာသနဟိတဓရစာမေးပွဲကို နိုင်ငံတော်သံဃမဟာနာယကအဖွဲ့တွဲဖက်အကျိုး တော်ဆောင်ပရိယတ္တိဓမ္မိကာရုံကျောင်းတိုက်ဆရာတော် အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ၊သာသနဓဇ သိရိပဝါရဓမ္မစရိယ(MA) ဘဒ္ဒန္တဣန္ဒာစရိယ ဆရာတော်ကြီးမှ ဦးဆောင်ပြီးမြို့နယ်သံဃနယက ဉက္ကဋ္ဌဆရာတော်ကြီးနှင့် ကြီးကြပ်ဆရာတော်(၁၈)ပါးတို့မှ စာဖြေသံဃာတော်များအားကြီးကြပ်ကြရာစာဖြေသံဃာတော်(၉၈)ပါး ဝင်ရောက်ဖြေဆိုလျက်ရှိကြပြီး မြို့ပေါ်ရှိစေတနာရှင်အလှူရှင် များမှဆွမ်း၊ဝေယျာဝိစ္စများ၊နဝကမ္မလှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြကြောင်း သိရသည်။

သိန်းနုအောင်