မိုင်းတုံ ဖေဖော်ဝါရီ ၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ အထွေထွေအုပ်ချုပ်ရေးရုံးရှိ ခရိုင်အုပ်ချုပ်ရေးမှူးရုံးခန်းတွင် မိုင်းတုံခရိုင်/မြို့နယ်ရှိ ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ စုပေါင်း၍ ထမနဲထိုးပြိုင်ပွဲ ပြုလုပ်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ၅ နာရီ ၃၀ မိနစ်အချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
ပထမဦးစွာ မိုင်းတုံခရိုင်အုပ်ချုပ်ရေးမှူး ဦးငြိမ်းထွန်းကျော်က တပို့တွဲလပြည့်နေ့ရောက်တော့မည်ဖြစ်သည့်အတွက် ကျွန်တော်တို့၏ ရိုးရာမပျက် အစဉ်အလာဖြစ်သွားစေရန် ခရိုင်/မြို့နယ်ရှိ ဌာနဆိုင်ရာများနှင့် ရပ်ကွက်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ စုပေါင်း၍ ထမနဲထိုးပြိုင်ပွဲကို ၃-၂-၂၀၂၃ ရက်နေ့ (၂)နာရီအချိန်၌ ပန်းခြံတွင်စုပြီး စည်းစည်းလုံးလုံးဖြင့် ဆောင်ရွက်ကြမည်ဖြစ်ကြောင်း၊ တစ်ရပ်ကွက်လျှင် ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး ဦးဆောင်ပြီး ဌာန(၅)ဌာနဖြင့် ဖွဲ့စည်းပေးထားကြောင်း၊ ကိုယ့်အဖွဲ့ဖြင့်ကိုယ် အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်လိုကြောင်း၊ တစ်ဖွဲ့လျှင် ကောက်ညှင်းလေးပြည်နှုန်းဖြင့် ထိုးရမည်ဖြစ်သဖြင့် လိုအပ်သည့်အစားပလာများကို မိမိတို့အစီအစဉ်အတိုင်း ဆောင်ရွက်ပြီး အကောင်းဆုံးဖြစ်အောင် ဆောက်ရွက်ကြရန်အတွက် တစ်ဖွဲ့ကို(၈၀၀၀ဝိ)နှုန်း ခွဲပေးခဲ့သည်။ ယင်းနောက် ပြိုင်ပွဲများဆောင်ရွက်ပြီးပါက မြို့ပေါ်ရှိ ဘုန်းကြီ းကျောင်းများသို့ လှူဒါန်းခြင်းနှင့် တက်ရောက်လာသော ဧည့်သည်တော်များ၊ ခရိုင်/မြို့နယ်ရှိဌာနဆိုင်ရာများနှင့် ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် အဖွဲ့များ စုပေါင်းပြီး ပြိုင်ပွဲဝင်ထားသည့် ထမနဲ၊ လက်ဖက်ရည်များနှင့်အတူ စည်းစည်းလုံးလုံးဖြင့် သုံးဆောင်ကြမည်ဖြစ်ကြောင်း ပြောကြားပြီး လိုအပ်သည်များကိုလည်း ဖြည့်စွက်ဆွေးနွေးနိုင်ကြောင်း ပြောကြားခဲ့သည်။
ခရိုင်/မြို့နယ်ရှိ ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများမှ လိုအပ်ချက်များကို အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
ဝင်းဝင်းခိုင်(မိုင်းတုံ၊ပြန်/ဆက်)