(၇၆)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် စင်တော်ကောက်ဖလားအမျိုးသား ပိုက်ကျော်ခြင်းပြိုင်ပွဲ စည်ကားသိုက်မြိုက်စွာကျင်းပရေးညှိနှိုင်းဆွေးနွေးပွဲကျင်းပ

သံတွဲ  ဖေဖော်ဝါရီ ၃

(၇၆)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် စင်တော်ကောက်ဖလား အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ စည်ကားသိုက်မြိုက်စွာကျင်းပရေးညှိနှိုင်းဆွေးနွေးပွဲ ယနေ့နံနက် ၁၁ နာရီက သံတွဲခရိုင် လူထုအခြေပြုဗဟိုဌာန(Community Centre) အစည်းအဝးခန်းမ၌ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ စင်တော်ကောက်ကုမ္ပဏီ မန်းနေဂျင်းဒါရိုက်တာ ဦးသိန်းရွှေက အမှာစကားပြောကြားသည်။ ထို့နောက် ပြိုင်ပွဲကျင်းပရေးကော်မတီများက ပြိုင်ပွဲစည်းကမ်းများအား ရှင်းလင်းပြောကြားရာ တက်ရောက်လာကြသည့်ပြိုင်ပွဲဝင်အသင်းခေါင်းဆောင်များက လိုအပ်သည်များကို ပြန်လည် ညှိနှိုင်းဆွေးခဲ့ကြသည်။

အဆိုပါပိုက်ကျော်ခြင်းပြိုင်ပွဲသို့ ပြိုင်ပွဲဝင်အသင်း (၂၄)သင်းဝင်ရောက်ယှဉ်မည်ဖြစ်ပြီး ပြိုင်ပွဲအား ဖေဖေါ်ဝါရီ ၅ ရက်နေ့မှ ၁၂ ရက်နေ့အထိ ညနေ ၅ နာရီမှ ည ၉ နာရီခွဲအထိ နန်ချောင်းကျေးရွာ စင်တော်ကောက်ဆီဆိုင်အနီးတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ပထမဆု ၁၅ သိန်း၊ ဒုတိယဆု ၅ သိန်း ၊ တတိယဆု ၃ သိန်းကျပ်နှင့် အကောင်းဆုံးကစားသမားဆု ၄ ဆုအား တစ်ဆုလျှင် ၁ သိန်းကျပ်အဖြစ် ထိုက်ထိုက်တန်တန်ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း ပြိုင်ပွဲကျင်းပရေးကော်မတီထံမှ သိရသည်။

ခရိုင်ပြန်/ဆက်