ကျောက်ဖြူမြို့၊ ကျောက်တစ်လုံး IDPs စခန်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးကင်းစမှ အသက်(၂)နှစ် အောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံ

ကျောက်ဖြူ  ဖေဖော်ဝါရီ  ၃

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ ကျောက်တစ်လုံး IDPs စခန်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့်မွေးကင်းစမှ အသက်()နှစ်အောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းက ကျန်းမာရေးဌာနမှဝန်ထမ်းများက အဆိုပါစခန်းရှိ အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ထိုးနှံပေးလျက်ရှိသည်။

 ထိုသို့ ကာကွယ်ဆေးထိုးနှံရာတွင် ကျန်းမာရေးဌာနမှဝန်ထမ်းများက ကျောက်တစ်လုံး IDPs စခန်းအတွင်းရှိ အသက်(၆)လမှ (၅)နှစ်ထိကလေးငယ်များအား ဗီတာမင်(A)ဆေးတိုက်ကျွေးခြင်း၊ မွေးကင်းစမှအသက်()နှစ်အောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများဖြစ်သော ဆုံဆို့၊ ကြက်ညှာ၊မေးခိုင်၊ အသည်းရောင်အသားဝါ(ဘီ)ပိုး၊ ဦးနှောက်အမြှေးရောင်၊ ()မျိုးစပ် ကာကွယ်ဆေး၊ ပိုလီယိုအကြော သေ၊ ဝက်သက်၊ ဂျိုက်သိုး အစရှိသည့် ကာကွယ်ဆေးများထိုးနှံတိုက်ကျွေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင်-ဆုံဆို့နာ ကာကွယ် ဆေးထိုးနှံပေးခြင်းတို့ကို  ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

တင်ထွန်းဦး(ပြန်/ဆက်)