ကျိုက်မရော ဇန်နဝါရီ ၃၁
မွန်ပြည်နယ် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တို့ပူးပေါင်း၍ စားသုံးသူအကာကွယ်ပေးရေး အသိပညာပေး (Talk Show) ဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီက လူထုအခြေပြုဗဟိုဌာနခန်းမ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ချိုမြတ်မြတ်ထွေးက ပြည်သူများ အသိပညာဗဟုသုတများ ရရှိစေရန်ရည်ရွယ်၍ ပညာပေးဆွေးနွေးပွဲများ ပြုလုပ်ပေးရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးပြီး မော်လမြိုင်ခရိုင် စားသုံးသူရေးရာ ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝါဝါမြိုင်က စားသုံးသူ၏ အခွင့်အရေးများ၊ တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များနှင့် စီမံခန့်ခွဲရေးအရ အရေးယူခြင်း ဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)