မြေပုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ စာပေနှင့်အသိပညာလူငယ်စကားဝိုင်းကျင်းပ

မြေပုံ ဇန်နဝါရီ ၃၁

ရခိုင်ပြည်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့ (Community Centre) ခန်းမ၌ စာပေနှင့်အသိပညာ လူငယ်စကားဝိုင်းကို ယနေ့မွန်းလွဲ(၁)နာရီအချိန်က ကျင်းပပြုလုပ်သည်။

အဆိုပါ လူငယ်စကားဝိုင်းပြုလုပ်ရာ၌ မြေပုံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးမောင်နီချေက စာပေနှင့်အသိပညာလူငယ်စကားဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပပြောကြားသည်။ ဆက်လက်၍ လူငယ်များသည် နိုင်ငံတော်၏အနာဂါတ်အုတ်မြစ်များဖြစ်၍ စာဖတ်ခြင်းဖြင့် အသိပညာဉာဏ်အမျှော်အမြင်ကြီးမားခြင်း၊ စွမ်းရည်ထက်မြက်ပြီး စူးစမ်းချင်စိတ်များဖြစ်ပေါ်ကာ ကောင်းသောအပြုအမူအလေ့အထများစုဆောင်းတတ်ခြင်း၊ လူ့ဘဝ၏အတွေ့အကြုံများ ဘဝသင်ခန်းစာများကိုရရှိကာ စာအုပ်စာပေများများဖတ်ရှုရာမှရရှိသော အသိပညာဗဟုသုတများကို မိမိလျှောက်လှမ်းရမည့်ဘဝအတွက် ကောင်စွာအသုံးချ၍ အနာဂါတ်နိုင်ငံတော်၏ သားကောင်းရတနာ/သမီးကောင်းရတနာများ ဖြစ်ထွန်းပေါ်ပေါက်လာရန် ကြိုးစားရမည်ဖြစ်ကြောင်း ပြောကြားဆွေးနွေးသည်။

တင်ဝင်း