မာန်အောင်မြို့ မြို့မကျောင်းကြီး ပျံလွန်တော်မူဆရာတော် ဘဒ္ဒန္တဣဿသရိယ ရုပ်တုတော်အား မြို့မကျောင်းကြီးသို့ ပင့်ဆောင်ပူဇော်

မာန်အောင် ဇန်နဝါရီ ၃၁

ရခိုင်ပြည်နယ် မာန်အောင်မြို့ မြို့မကျောင်းကြီး ပဓာနနာယကဆရာတော် ဘဒ္ဒန္တဣဿရိယ(ပြည်နယ်ဝန်ဆောင်၊ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ) သက်တော်(၇၇)နှစ် သိက္ခာတော်(၅၇)ဝါ ပျံလွန်တော်မူဆရာတော်ကြီး၏ရုပ်တုတော်အား ပူဇော်နိုင်ရန်အတွက် ယနေ့နံနက် ၇ နာရီအချိန်က ရွှေပြည်တန်အမြန်ယာဉ်ဖြင့်ပင့်ဆောင်လာရာ မြို့မသင်္ဘောဆိပ်ကမ်းမှ သံဃာတော်များ တပည့်ဒကာ၊ ဒကာမများက ကြိုဆိုပူဇော်ခဲ့ကြသည်။

ထို့နောက် ဆရာတော်၏ ရုပ်တုတော်အား မော်ယာဉ်ဖြင့်ပင့်ဆောင်၍ ဦးဥတ္တမလမ်း၊ စာတိုက်လမ်း၊ ဗိုလ်ချုပ်လမ်း၊ ရုံးတက်လမ်းနှင့် ကျောင်းကြီးလမ်းတစ်လျှောက် လှည့်လည်ပူဇော်ခံပြီး မြို့မကျောင်းကြီး ကုသိနာရုံဓမ္မာရုံ၌ ခေတ္တပူဇော်ခံထားကြောင်း သိရသည်။

သိန်းဖေ