သံတွဲမြို့အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပ

သံတွဲ ဇန်နဝါရီ ၃၁

သံတွဲခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းကို ယမန် နေ့နေ့လယ် ၁ နာရီအချိန်က သံတွဲမြို့အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းရိုးလှသန္တာခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ  သံတွဲခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်စန္ဒာကြည်က လူငယ်စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ ထို့နောက် ကျောင်းအုပ်ဆရာကြီး ဦးတင်မောင်က ကျောင်းသား၊ကျောင်းသူလေးများအား လူငယ်စကားဝိုင်းကျင်းပရခြင်းဆိုင်ရာများကို ဆွေးနွေးခဲ့သည်။

ဆက်လက်၍ လူငယ်စကားဝိုင်းကိုကျင်းပရာ အထက်တန်းပြဆရာမ ဒေါ်ခင်စန်းနိုင်ကဦးဆောင်၍ လူငယ်နှင့်အားကစားခေါင်းစဉ်ဖြင့် ဆွေးနွေးကြရာ အထက(၁)ကျောင်း Grad-8 ကျောင်းသား မောင်ဟိန်းသူရအောင်က လူငယ်နှင့်အားကစားခေါင်းစဉ်အောက်မှ “ အားကစားအမျိုးအစားများ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-11 ကျောင်းသူ မထိုက်ရတီကိုက “အားကစားစိတ်ဓာတ်”၊  Grade-11 ကျောင်းသူ မခိုင်ဇင်မင်းအောင်က “အားကစားနှင့်ကျန်းမာရေး” ၊Grade-10 ကျောင်းသူ မသင်းရနံ့က “အားကစားနှင့် အနာဂါတ်” ခေါင်းစဉ်များဖြင့်ဆွေးနွေးခဲ့ကြသည်။ ထိုသို့ဆွေးနွေးမှုများအပေါ် Grad-8 ကျောင်းသားမောင်ထူးကြယ်စင်၊ Grade-11 ကျောင်းသူ မအေးအေးစိုး၊ ၊Grade-10 ကျောင်းသူမိုးပွင့်ဇာနည်ခင်နှင့် ၊Grade-10 ကျောင်းသူ မရွှေဝတ်မှုံဦးတို့က အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး  တက်ရောက်လာကြသည့်ကျောင်းသား၊ ကျောင်းသူလေးများက ဆွေးနွေးမှုများအပေါ် အပြန်အလှန်ဖြည့်စွက် ဆွေးနွေးခဲ့ကြသည်။

အလားတူ သံတွဲမြို့ရှိ အခြေပညာအထက်တန်းကျောင်း(ကင်းမော်) ကျောင်းတို့တွင်လည်း လူငယ်စကားဝိုင်းများကို တစ်ပြိုင်တည်းကျင်းပခဲ့ကြကြောင်း သိရသည်။

လူငယ်များအသိပညာဗဟုသုတ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အတွေးအမြင်ကောင်းများရရှိစေရန်၊ အနာဂတ်ရဲ့ သားကောင်းရတနာလေးများဖြစ်သည့်လူငယ်များအတွက် အသိပညာ၊ အတတ်ပညာသာမက  ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ အစရှိတဲ့ဗလငါးတန် ပြည့်စုံနိုင်ရေးတို့အတွက် ရည်ရွယ်၍ ယခုလိုစကားဝိုင်းများကို ကျင်းပပေးခြင်းဖြစ်ဖြစ်ကြောင်းသိရသည်။

ခရိုင်ပြန်/ဆက်