ပုဏ္ဏားကျွန်း ဇန်နဝါရီ ၃၁
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက မူးယစ်ဆေးဝါးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေး ဟောပြော ပွဲကို ယမန်နေ့၊ နေ့လယ်(၁)နာရီက အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ အခြေခံပညာအထက်တန်း ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းသန်းအေးက အဖွင့်အမှာစကားပြောကြားပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်ဆွေက မူးယစ်ဆေးဝါး၏ဆိုးကျိုးများ၊ မူးယစ်ဆေးဝါးသုံးစွဲသူတို့၏ သွင်ပြင်လက္ခဏာများ၊ မူးယစ်ဆေးဝါးအန္တရာယ်၏ သိကောင်းစရာများကို အကျယ်တဝင့်ရှင်းလင်း ပြောကြားခဲ့သည်။
ဟောပြောပွဲသို့ ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းသန်းအေးနှင့်ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူ(၂၀၀)ကျော်တက်ရောက်ခဲ့ကြောင်းသိရသည်။
နီထွန်းအောင်(ပြန်/ဆက်)