အမ်း ဇန်နဝါရီ ၂၈
ရခိုင်ပြည်နယ် အမ်းခရိုင် အမ်းမြို့နယ် တပ်တောင်မြို့မီးဘေးသင့်အိမ် ထောင်စု (၄)စုအားထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့ညနေ၌ တပ်တောင်မြို့အုပ်ချုပ်ရေးမှူးရုံးခန်းမ၌ကျင်းခဲ့သည်။
မီးဘေးသင့်အိမ် ထောင်စု (၄)စုအားထောက်ပံ့ငွေနှင့်ကယ်ဆယ်ရေးပစ္စည်းများပေးအပ်ပွဲသို့ တပ်တောင်မြို့မြို့အုပ်ချုပ်ရေးမှူး ဦးအောင်သန်းနှင့်ဌာနဆိုင်ရာများ အမ်းမြို့နယ်ဘေစီမံခန့်ခွဲမှုဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မေထားဇော်နှင့်ဝန်ထမ်းများ မီးဘေးသင့်အိမ်ထောင်စုများ တက်ရောက်ခဲ့သည်။
အဆိုပါ တပ်တောင်မြို့၊ အမှတ် ( ၃) ရပ်ကွက်နေဦးကျန်သိန်းပါ မီးဘေးသင့်အိမ်ထောင်စု( ၄) စုအားထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများမှာ မီးဘေးသင့်နေအိမ် (ဓနိမိုး၊ ဝါးထရံကာ) အတွက် ထောက်ပံငွေ (၁၀၀၀၀၀)ကျပ်နူန်းဖြင့် နေအိမ် (၃) လုံး အတွက်ထောက်ပံငွေ (၃၀၀၀၀၀)ကျပ် မီးဘေးသင့်နေအိမ် (၁) လုံး (သွပ်မိုး၊ ပျဉ်ကာ) အတွက် ထောက်ပံ့ငွေ (၂၀၀၀၀၀)ကျပ် မီးဘေးသင့် ပြည်သူ (၁)ဦးလျင်ဆန်ရိက္ခာဖိုးငွေ (၃၀၀)ကျပ်နူန်းဖြင့် (၇)ရက်စာမီးဘေးသင့်ပြည်သူ(၁၄)ဦးအတွက် ထောက်ပံ့ငွေ(၂၉၄၀၀)ကျပ် မီးဘေးသင့် အိမ်ထောင်စု(၁)စုလျှင်ထောက်ပံ့ပစ္စည်း(၇)မျိုးပါ ပလပ်စတစ်ပုံး(၁)ပုံးနှုန်းဖြင့် အိမ်ထောင်စု(၄) စုအတွက် ပုံး(၄)ပုံးမီးဘေးသင့် အိမ်ထောင်စု(၄)စုအတွက် စုစုပေါင်းထောက်ပံ့ငွေ (၅၂၉၄၀၀)ကျပ်နှင့် ပစ္စည်း(၁၇)မျိုးပါ ပလပ်စတစ်ပုံး(၄)ပုံးတို့အား ထောက်ပံ့ခဲ့ရာ မြို့အုပ်ချုပ်ရေးမှူးနှင့် အမှတ်(၃)ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့မှ လိုအပ်ချက်များအားညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
မြို့နယ် (ပြန်/ ဆက်)