ရခိုင်ပြည်နယ် မောင်တောမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေး Talk Show ပြုလုပ်

မောင်တော  ဇန်နဝါရီ   ၂၈

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက်  အသိပညာပေး Talk Show ကို ယမန်နေ့ နေ့လယ် ၁ နာရီအချိန် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မောင်တောခရိုင်ရုံး Community Center ခန်းမ တွင်  ကျင်းပ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မောင်တောခရိုင်ရုံးမှ ဦးစီးအရာရှိ ဦးမြင့်ခိုင်က   မီးဘေး အန္တရာယ်ကြိုတင် ကာကွယ်နိုင်ရေးအတွက်  အသိပညာပေး Talk Show ပြုလုပ်ရခြင်းနှင့် ပတ်သတ်၍ ရှင်းလင်း ပြောကြား ပြီး မြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးထွန်းရွှေခိုင်က မိမိတို့မီးသတ်ဦးစီးဌာနမှ မြို့နယ်အတွင်း မီးဘေးကြိုတင် ကာ ကွယ် နိုင်ရေးအတွက်  ဆောင်ရွက်နေ သည့် အခြေအနေများ ၊ မီးဘေး အန္တရာယ် မဖြစ်ပွားစေရေးနှင့် မီးဘေးကြောင့် ဒေသခံပြည်သူလူ ထုများ၏ အသက် အိုးအိမ် စည်းစိမ်များ ဆုံးရှုံး မှုမရှိ စေရေးအတွက်  မီးကို  စနစ်တကျ အသုံးပြုစေရေး ၊ ထင်းမီးဖိုဖြင့် ထမင်း၊ ဟင်းချက် ပြုတ်သူများ အနေဖြင့် မီးကြွင်း၊ မီးကျန်များကို စနစ်တကျ မီးငြိမ်းသတ်စေရန် နှင့် မီးသတ် ဆေးဘူး၊ မီးသတ်ရေပုံများ၊ မီးချိတ်၊ မီးကပ်များ၊ သဲအိတ်များ၊ ရေ ကန် များ၌ ရေများဖြည့်တင်းကာ အသင့် ထားရှိရန် လိုအပ် ကြောင်း စသည့်တိုကို အကျယ်တဝင့်  အသိပညာပေး ရှင်းလင်း ဆွေးနွေး ပြော ကြားခဲ့သည်။

 

သက်လွင်စိုး ၊ အောင်ကျော်စိန်  ခရိုင်(ပြန်/ဆက်)