တောင်ကုတ်မြို့၌ လူငယ်စကားဝိုင်းကျင်းပ

တောင်ကုတ်        ဇန်နဝါရီ ၂၈

ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန အခြေခံပညာဦးစီးဌာန နှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းကို ယမန်နေ့ မွန်းလွဲ()နာရီအချိန်က အမှတ်()၊အခြေခံပညာ အထက်တန်းကျောင်း ပညာရတနာခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဇာနည်တိုး နှင့် မြို့နယ်ပညာရေးမှူး ဦးကျော်ထွန်း အောင်တို့က အမှာစကား ပြောကြားပြီးနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မှ ဦးစီးအရာရှိ ဦးမြင့်ရွှေ က လူငယ်စကားဝိုင်းများ ကျင်းပပြု လုပ်ရသည့် ရည်ရွယ်ချက်များ ကို ရှင်းလင်းပြောကြားသည်။

ထို့နောက် လူငယ်စကားဝိုင်း ကိုကျင်းပရာ အမှတ်()၊အခြေခံပညာအထက်တန်းကျောင်းမှ တာဝန်ခံ ကျောင်းအုပ် ဦးဇော်မျိုးနိုင် က ဦးဆောင်ဆွေးနွေးသူအဖြစ် ပါဝင်ဆောင်ရွက်ပြီး အထက() Grade-10(A)မှ မောင်စိုးမြတ်လင်း မဖူးပွင့်ခိုင်(Grade-10(A) အထက() Grade-10 မှ မောင်ဇွဲထက်ကျော် မမေသင်းခိုင် (Grade-10) အထက() Grade-10 မှ မောင်အောင်ပိုင်ပိုင်ဖြိုး Grade-11 မှ မညိုညိုစံ အထက() Grade-10(A) မှ မယုပပအောင် နှင့် Grade-9(B) မှ မောင်သက်ဘုန်းအောင် တို့က လူ့အဖွဲ့အစည်းနှင့် ပူးပေါင်း ဆောင်ရွက်မှု ခေါင်းစဉ်ဖြင့်ဆွေးနွေးပြီး ကျောင်းသား၊ ကျောင်းသူများ၏ ပြန်လည်မေးမြန်းမှုများကို ဦးဆောင်ဆွေးနွေးသူ ဦးဇော်မျိုးနိုင်နှင့်စကားဝိုင်းတွင်ပါဝင်ဆွေးနွေးသူ ကျောင်းသား၊ကျောင်းသူများက ပြန်လည်ဖြေကြားဆွေးနွေး သည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇာနည်တိုးနှင့်အဖွဲ့ဝင်များ ဌာနဆိုင် ရာများ ဆရာ ၊ ဆရာမများ ကျောင်းသား၊ကျောင်းသူများတက်ရောက်ခဲ့ကြောင်းသိရသည်။

မြို့နယ်ပြန်/ဆက်