ရသေ့တောင်မြို့၌ လူငယ်စကားဝိုင်းနှင့် အသိပညာပေးနံရံကပ်စာစောင်နှင့်ဓာတ်ပုံပြပွဲကျင်းပ

ရသေ့တောင်    ဇန်နဝါရီ  ၂၈

ရခိုင်ပြည်နယ်၊ရသေ့တောင်မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းနှင့်အသိပညာပေးနံရံ ကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲကို ယမန်နေ့‌ နေ့လည်(၁၂)နာရီအချိန်က မြို့မအထက(၂) ကျောင်းအစည်း အဝေးခန်းမ၌ ကျင်းပသည်။

ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်တင်ဇာဦးက  အနာဂတ်ရဲ့မျိုးဆက်သစ်လူငယ်တွေ ဘက်ပေါင်းစုံမှထူးချွန်ထက်မြတ်ဖို့ဆိုရင် သူတို့ရဲ့အတွေအကြုံ ဗဟုသုတ အများကြီးလိုအပ်‌ကြောင်း လူငယ်တွေပြောရဲ ဆိုရဲရှိပြီးနှုတ် မှုစွမ်းရည် တွေတိုးတက်စေဖို့စာပေတွေ ကနေဗဟုသုတတွေရရှိပြီးအဲဒါကို သူငယ်ချင်း အချင်းချင်း အသိပညာတွေကိုမျှဝေပေးနိုင်ရန် ပူးပေါင်းဆောင်ရွက်တက်တဲ့ အလေ့အကျင့် ကောင်း တွေရရှိ‌ စေရန်ပါဝင်ဝင်ဆွေးနွေးရဲတဲ့အတွေ အကြုံနှင့်အသိဉာဏ်တွေရင့် သန်လာစေပို့ရည်ရွယ်ပြီး ကျင်းပရတဲ့ပွဲလည်းဖြစ်‌ ကြောင်းဦးဆောင်ဆွေးနွေးပြီး၊ မြို့မအထက-၂ ဆရာမကြီးဒေါ်ခင်ကြည်က အဖွင့်အမှာစကားပြောကြားပြီး၊မြို့မအထက-၂ မှကျောင်းသား၊ ကျောင်းသူလေးများက စကားဝိုင်းဆွေးနွေးကြသည်။

လူငယ်စကားဝိုင်းတွင် မြို့မအထက-၂ Grade – 10 မှကျောင်းသူ မအိအိန္ဒြာကျော်က လူငယ်နှင့်အသိပညာခေါင်းစဉ်ဖြင့် လည်းကောင်း၊ မောင်ဘုန်းမြတ်ကျော်က လူငယ်နှင့် ယုံလွယ်ခြင်း ခေါင်းစဉ်ဖြင့်လည်း ကောင်း၊မဇင်မီထွန်းက လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး ခေါင်းစဉ်ဖြင့် လည်းကောင်း၊‌ မသူဇာအေးငြိမ်းက လူငယ်နှင့် ပညာရေးခေါင်းစဉ်တို့ဖြင့် အသီးသီးဆွေးနွေးကြသည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူများက သိလိုသည်များကိုမေးမြန်းကြရာ ဦးဆောင် ဆွေးနွေးသူ ကျောင်သား/ကေျာင်းသူ တို့မှပြန်လည်ရှင်းလင်းဖြေကြားခဲ့ပြီးနောက် ကျောင်းသား၊ ကျောင်းသူများသည် ကျောင်းဝင်းအတွင်း၌ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ဒေသဖွံ့ဖြိုး တိုးတက်ရေးဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများ၊ သဘာဝဘေး အန္တရာယ်အသိပညာပေး ဓာတ်ပုံများ၊မူးယစ်ဆေးဝါး အန္တရာယ်ကြိုတင် ကာကွယ်ရေးအသိပညာပေး နှင့်ကလေးအလုပ် သမားပပျောက်ရေးနံရံကပ် စာစောင်များပြသထားမှု အားလှည့် လည်ကြည့်ရှု ခဲ့ကြသည်။

အဆိုပါလူငယ်စကားဝိုင်းဆွေးနွေးပွဲသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ လူမှုဝန်ထမ်း ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်အား/ကာဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့မအထက(၂)ကျောင်းမှကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ(၃၀၀)ဦးခန့်တက်ရောက်ခဲ့ကြကြောင်းသိရသည်။

ထွန်းလင်းကျော်(ပြန်/ဆက်)