ပေါက်တော ဇန်နဝါရီ ၂၈
ပေါက်တောမြို့နယ် အတွင်း လျှပ်စစ်ဓာတ်အား အန္တရာယ်ကင်းရှင်းရေး၊ လျှပ်စစ်ဓာတ်အားပြည့်ဝစွာ သုံးစွဲနိုင်ရေး၊ လျှပ်စစ်ဓာတ်အား ပျောက်ဆုံးမှုလျော့ချနိုင်ရေးအတွက် 33 KV ၊11 KV၊ 0.4 KV ၊ ဓာတ်အားလိုင်းများနှင့် မလွတ်ကင်းသော သစ်ပင်သစ်ကိုင်များ ခုတ်ထွင်ရှင်းလင်းခြင်း ၊ 11/0.4 KV ထရန်စဖော်မာများအား ဝန်အားမျှခြင်းလုပ်ငန်းများကို မြို့နယ်လျှပ်စစ်မှူး ဦးကျော်မျိုးဝင်း၊ ဓာတ်အားခွဲရုံးမှူး ဦးအောင်မျိုး နှင့် ဝန်ထမ်းများက ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ကြသည်။
အဆိုပါ လုပ်ငန်းများအား ပေါက်တောမြို့နယ်အတွင်း စဉ်ဆက်မပြတ်ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်လျှပ်စစ်မှူး ဦးကျော်မျိုးဝင်း ကပြောကြားသည်။
ဝင်းမင်းစိုး(ပြန်/ဆက်)