ပေါက်တောမြို့၌ နယ်လှည့်ဆေးကုသရေးအဖွဲ့ရောက်ရှိမည့်ကိစ္စရပ်နှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

ပေါက်တော ဇန်နဝါရီ ၂၇

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့၌ နယ်လှည့်ဆေးကုသရေးအဖွဲ့ရောက်ရှိမည့် ကိစ္စရပ်နှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းထွန်းက မကြာမီရက်ပိုင်းအတွင်း နယ်လှည့်ဆေးကုသရေးအဖွဲ့များရောက်ရှိမည်ဖြစ်ပြီး ပေါက်တောမြို့နယ်ရှိ ဒေသခံပြည်သူများကို မြို့နယ်ထွေ/အုပ်ခန်းမတွင် ကျန်းမာရေးစောင့်ရှောက်ခြင်းများ အခမဲ့ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း၊ ဌာနဆိုင်ရာအကြီးအကဲများအား စာရင်းကောက်ယူရေးအဖွဲ့၊ လှည့်လည်ဆော်သြရေးအဖွဲ့၊ ဘဏ္ဍာငွေရှာဖွေရေးအဖွဲ့၊ သယ်ယူပို့ဆောင်ရေးအဖွဲ့၊ ဧည့်ခံကျွေးမွေးရေးအဖွဲ့ စသည့်ဖြင့် ကဏ္ဍအလိုက်ဖွဲ့စည်းတာဝန်ပေးအပ်ခြင်း၊ ဌာနဆိုင်ရာအကြီးအကဲများအနေဖြင့် မိမိတို့တာဝန်ယူရမည့်ကိစ္စရပ်များကို အသေးစိတ်ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ မြို့နယ်ကုသရေးဦးစီးမှူး ဒေါက်တာကိုကိုအောင်က လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေး ပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာများနှင့် မြို့မိမြို့ဖများက လိုအပ်ချက်များအား ဆွေးနွေးတင်ပြကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး အစည်းအဝေးသို့ မြို့နယ်စီမံအုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းထွန်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များတက်ရောက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)