ကျောက်တော်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ

ကျောက်တော် ဇန်နဝါရီ ၂၇

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် လူငယ်များ အသိပညာဗဟုသုတဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို အဆိုပါခန်းမအတွင်း ယနေ့မွန်းလွဲ ၂ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဖြူဖြူဝင်းက ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အသိပညာဗဟုသုတများတိုးပွားရရှိစေရန်၊ အမှားနှင့်အမှန်ကို ဝေဖန်ပိုင်းခြားတတ်စေရန်၊ တစ်ဦးနှင့်တစ်ဦး ရင်းနှီးကျွမ်းဝင်မှုရရှိပြီး သူ့အမြင်၊ ကိုယ့်အမြင်များ ဖလှယ်နိုင်စေရန်နှင့် စာဖတ်သည့်အလေ့အကျင့်ရှိစေရန် ရည်ရွယ်၍ ဆေးလိပ်၊ ဆေးရွက်ကြီးအန္တရာယ် အသိပညာပေးနံရံကပ်စာစောင်နှင့် ကွမ်းစားခြင်းအန္တရာယ် အသိပညာပေးနံရံကပ်စာစောင်များပြသခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး ဆေးလိပ်နှင့် ဆေးရွက်ကြီးသုံးစွဲခြင်းကြောင့် ဖြစ်သောရောဂါများအကြောင်း၊ ကလေးငယ်များတွင် ဆေးလိပ်ငွေ့ကြောင့် အသက်ရှုလမ်းကြောင်းရောဂါများ၊ ရင်ကျပ်ပန်းနာရောဂါနှင့် နားပြည်ယိုခြင်းရောဂါများ ဖြစ်ပွားခြင်းအကြောင်းရာများ၊ ကွမ်းစားသုံးခြင်းကြောင့် ခံတွင်းနှင့် အစာရေပြွန်ကင်ဆာဖြစ်ခြင်း၊ သွားဖုံးနှင့်သွားရောဂါဖြစ်ပွားခြင်း၊ ကွမ်းအားငုံထားသူများက ပိုမိုခံတွင်းကာဆာဖြစ်နိုင်ကြောင်း စသည့်အကြောင်းအရာများအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် အသိပညာပေးဓာတ်ပုံနှင့် စာစောင်များအား ကျောင်းသား/ ကျောင်းသူများက စိတ်ဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရှိရသည်။ အဆိုပါ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲသို့ ပိုက်သည်ရပ် အခြေခံပညာမူလတန်း(လွန်)ကျောင်းမှ အလယ်တန်းအဆင့် ကျောင်းသား/ကျောင်းသူ(၃၀) ဦး တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

ခင်မောင်ထွန်း