မီးတိုက်ကျေးရွာ အခြေခံပညာအလယ်တန်း(ခွဲ) ကျောင်း၌ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲကျင်းပ

 တောင်ပြိုလက်ဝဲ  ဇန်နဝါရီ ၂၇

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ မီးတိုက်ကျေးရွာ အခြေခံပညာအလယ်တန်း(ခွဲ)ကျောင်း၌ ပညာရေးစုံညီပွဲတော်နှင့်ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကို ယနေ့မွန်းတည့်(၁၂)နာရီက အဆိုပါ ကျောင်းခန်းတွင် စည်ကားသိုက်မြိုက်စွာကျင်းပခဲ့သည်။

 ရှေးဦးစွာ သတ္တမတန်းကျောင်းသား၊ သူလေးများက “မြတ်ဆရာ”တေးသီချင်းဖြင့် ဖျော်ဖြေသီဆိုဖွင့်လှစ်ခဲ့ကြပြီး၊ တောင်ပြိုလက်ဝဲမြို့၊ အခြေခံပညအထက်တန်းကျောင်းမှ ဆရာမကြီး ဒေါ်မိမိသောင်းမှအမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ အခြေခံပညာအလယ်တန်း (ခွဲ) ကျောင်းအုပ်ဆရာကြီး ဦးဌေးဝင်းက ၂၀၂၂.၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကျင်းပခြင်းနှင့်ပတ်သတ်၍ ရှင်းလင်းပြောကြားပြီး မီးတိုက်ကျေးရွာ အုပ်ချုပ်ရေးမှူးက ကျေးဇူးတင် ဝမ်းမြောက်စကားပြောကြားကာ  ပြိုင်ပွဲအသီးသီးမှဆုရကျောင်းသား၊ကျောင်းသူများအားတာဝန်ရှိသူတို့က ဂုဏ်ပြုဆုများချီးမြှင့်ပေးခဲ့ကြသည်။

ထို့နောက် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်အားဆက်လက်ကျင်းပရာ ကျောင်းသား၊ ကျောင်းသူလေးများက ရိုးရာယိမ်းအက အလှများ၊ တေးသီချင်းအမျိုးမျိုးတို့ဖြင့် ကပြဖျော်ဖြေပေးခဲ့ကြကြောင်းသိရသည်။

သိန်းနိုင်(ပြန်/ဆက်)