ဂွမြို့နယ်တွင် အသက် ၅ နှစ်မှ ၁၂ နှစ်အထိ ကလေးငယ် (၃၅၆၉)ဦးအား ထပ်ဆောင်းကာကွယ်ဆေး ( Booster ) ထိုးနှံပြီးစီး

ဂွ ဇန်နဝါရီ ၂၇

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင် အသက် ၅ နှစ်မှ ၁၂ နှစ်အထိ ကျောင်းသား၊ကျောင်းသူများအား ကိုဗစ်-၁၉ ထပ်ဆောင်းကာကွယ်ဆေး (Booster) ထိုးနှံပေးခြင်းကို ဇန်နဝါရီ ၁၇ ရက်မှစတင်၍  ကျောင်းများအလိုက် ထိုးနှံပေးလျက်ရှိရာ ယမန်နေ့အထိ  မြို့နယ်အတွင်း၌  ကျောင်းသား၊ ကျောင်းသူ(၃၅၆၉)ဦး ထိုးနှံပြီးစီးပြီဖြစ်ကြောင်း သိရသည်။

ထိုသို့ ကိုဗစ်-၁၉ထပ်ဆောင်းကာကွယ်ဆေး(Booster) ထိုးနှံရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်ကျန်းမာရေးဝန်ထမ်းများက အခြေခံပညာကျောင်းများအလိုက် စုရပ်များပြုလုပ်၍ ထိုးနှံပေးခဲ့ရာ ဇန်နဝါရီလ (၂၆)ရက်နေ့အထိ အခြေခံပညာကျောင်းပေါင်း (၁၂၀)ရှိ အသက်(၅)နှစ်မှ (၁၂)နှစ်အထိ ကျောင်းသားကျောင်းသူ(၃၅၆၉)ဦးအား ထပ်ဆောင်းကာကွယ်ဆေးထိုးနှံပြီးစီးပြီဖြစ်ကြောင်း သိရသည်။

ရွှေရည်ဝင်းကျော်