ဂွမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများက ပြည်သူများ ဘေးအန္တရာယ်အသွယ်သွယ်မှလွန်မြောက်စေရန် မင်းတောင်စေတီတွင် ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်

ဂွ ဇန်နဝါရီ ၂၇

ရခိုင်ပြည်နယ်၊ ဂွမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများက ပြည်သူများ ရင်ဆိုင်ကြုံတွေ့နေရသော ဘေးအန္တရာယ်အသွယ်သွယ်မှ လွန်မြောက်စေရန်၊ ကင်းလွတ်စေရန်၊ ကောင်းကျိုးများသည့် ဆောင်ရွက်ချက်ကိစ္စအဝဝတို့ကို ပြီးမြောက်အောင်မြင်စေရန်နှင့် မေတ္တာဓာတ်များလွှမ်းခြုံပြီး နှလုံးစိတ်ဝမ်းအေးချမ်းစေရန်ရည်ရွယ်၍ ယမန်နေ့နံနက်ပိုင်းက ရှေးဟောင်းသမိုင်းဝင် မင်းတောင်စေတီတော်မြတ်ကြီးတွင် မေတ္တာသုတ်နှင့် ပဋ္ဌာန်းဒေသနာတော် ပရိတ်တော်တို့ကို ရွတ်ဖတ်ပူဇော်ခဲ့ကြကြောင်း သိရသည်။

ရွှေရည်ဝင်းကျော်