ကျောက်တော် ဇန်နဝါရီ ၂၇
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကဗျာရွတ်ပြိုင်ပွဲကို ယနေ့ နေ့လယ်(၁) နာရီအချိန်က အဆိုပါခန်းမအတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ကျောက်တော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဖြူဖြူဝင်းက ကဗျာရွတ်ပြိုင်ပွဲကျင်းပပြုလုပ်ပေးခြင်းနှင့်ပတ်သက်၍ ကဗျာရွတ်ပြိုင်ပွဲ တွင် လိုက်နာရမည့် စည်းကမ်းချက်များ၊ အမှတ်ပေး စည်းကမ်းများအား ရှင်းလင်းပြောကြား ခဲ့ပြီးနောက် ဒုတိယဦးစီးမှူး ဒေါ်အေးမြသန်းက ကျောင်းသား/ကျောင်းသူလူငယ်များ အနေဖြင့် စာကြည့်တိုက်နှင့် ရင်းနှီးမှုရှိစေရန်၊ စာအုပ်စာပေနှင့်လည်း ရင်းနှီးကျွမ်းဝင်ပိုမိုရရှိစေရန်နှင့်ပြည်သူ့စာကြည့်တိုက်သို့ ကျောင်းအားလပ်ချိန်များတွင် လာရောက်ပြီး စာအုပ်/စာစောင်များအား လာရောက်လေ့လာဖတ်ရှုနိုင်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ထို့နောက် ကဗျာ ရွတ်ပြိုင်ပွဲအား ဆက်လက်ကျင်းပပြုလုပ်ရာ ပြိုင်ပွဲတွင် မူလတန်းအဆင့် ကျောင်းသား/ကျောင်းသူ ၂၀ ဦးတို့မှ ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲတွင်ဆုရရှိသူများအား တာဝန်ရှိသူ များက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ခင်မောင်ထွန်း