မြောက်ဦး ဇန်နဝါရီ ၂၇
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ သဘာဝဘေးကြိုတင်ကာကွယ်ရေးအတွက်ဌာနတွင်း ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များမှ ဇာတ်တိုက်လေ့ကျင်းဆောင်ရွက်ခြင်းကို ညောင်ပင်ဈေးရပ်ကွက်၊ ခရိုင်မီးသတ်ဦးစီးဌာနရုံး၌ ယမန်နေ့ကခရိုင်/မြို့နယ်မီး သတ်စခန်းမှ ရှာဖွေ ကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ ငလျင်ဘေး၊ မုန်တိုင်းဘေး အန္တရာယ်ဆိုင်ရာ ဇာတ်တိုက်လေ့ကျင့် ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ယင်းသို့ သဘာဝဘေးကြိုတင်ကာကွယ်ရေးတွင် ခရိုင်မီးသတ်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးခိုင်ဇော်ဟိန်း ကြီးကြပ်မှုဖြင့် ရှာဖွေကယ်ဆယ်ရေးမီးသတ်တပ်ဖွဲ့များမှ အထောက်အကူပြုပစ္စည်းများဖြင့် ငလျင်ဘေး၊ မုန်တိုင်းဘေးအန္တရာယ်များ မတော်တဆကျ ရောက်လာပါက အချိန်မီရှာဖွယ်ကယ်ဆယ်ရေးနှင့် ကူညီရေးလုပ်ငန်းများ လက်တွေ့ဆောင်ရွက်တတ်စေရန် ရည်ရွယ်ချက်ဖြင့် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး သရုပ်ဖော်ပြခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းများ၊ အဆောက်အဦးများရှိ ဒဏ်ရာရရှိသောလူနာများအား ရှာဖွေကယ်ဆယ်ခြင်း၊ ရှေးဦးလူနာပြုစုနည်းတို့ဖြင့် ဇာတ်တိုက်လေ့ကျင့်လျက်ရှိကြောင်း သိရသည်။
မြင့်စိုး၊ စိုးငြိမ်းနိုင်(ပြန်/ဆက်)