ရသေ့တောင် ဇန်နဝါရီ ၂၇
ရခိုင်ပြည်နယ် ရသေ့တောင်မြို့၌ အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ပွဲကိုစေတီတောင်ဓမ္မရုံ၌ ယမန်နေ့(ဒုတိယအကြိမ်) နံနက် ၈ နာရီအချိန် ပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနိုင်လင်းထက်နှင့် အဖွဲ့ဝင်များ၊ တက်ရောက်လာကြသူများက နမောတ ဿသုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ဖွင့်လှစ်ပေးခဲ့ကြသည်။ ထို့နောက် စေတီယဂ်ဏကျောင်းဆရာတော် ဦးပညာသာမိထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော် သံဃာတော်များ ရွတ်ဖတ်ပူဇော်အပ်သော ဓဇဂ္ဂသုတ်ပရိတ်ပါဠိ တော်များနှင့် အပြင်အောင်ခြင်းရှစ်ပါး၊ အတွင်းအောင်ခြင်းရှစ်ပါးကို နာယူကြပြီးဝတ်ရွတ်အသင်းကလည်း အပြင်အောင်ခြင်းရှစ်ပါးမြန်မာပြန်နှင့် ဓဇဂ္ဂသုတ်ပရိတ်ပါဠိတော်များ ရွတ်ဖတ်ပူဇော်ခဲ့ကြသည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနိုင်လင်းထက်နှင့် အဖွဲ့ဝင်များက လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြပြီးအခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်းရွတ်ဆို၍အခမ်းအအနားကို အောင်မြင် စွာရုပ်သိမ်းလိုက်ကြောင်းသိရသည်။
ထွန်းလင်းကျော်(ပြန်/ဆက်)