ရခိုင်ပြည်နယ် မောင်တောမြို့၌  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ဝန်ထမ်းများအား စားနပ်ရိက္ခာများ ထောက်ပံ့ပေးအပ်

မောင်တော  ဇန်နဝါရီ  ၂၇

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးမှ ထောက်ပံ့ပေးအပ်သော ထောက်ပံ့ငွေများအား စားနပ်ရိက္ခာများဝယ်ယူ၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ဝန်ထမ်းများအား ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်  အဆိုပါရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံထွန်းအောင်က ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ရောက်ရှိချိန်တွင် ထောက်ပံ့ပေးအပ်ခဲ့သော ထောက်ပံ့ငွေများအား စားနပ်ရိက္ခာများဝယ်ယူ၍ ဝန်ထမ်းများအား ထောက်ပံ့ပေးအပ်ခြင်းနှင့် ပတ်သတ်၍ရှင်းလင်း ပြောကြား ခဲ့သည်။ ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် မောင်တောမြို့နယ်အတွင်းရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရှိ ဝန်ထမ်း (၆၂)ဦး အတွက် တစ်ဦးလျှင် ဆီ၊ ကြက် သွန်နီ၊ ကြက်သွန်ဖြူ၊ ကြက်ဉ စုစုပေါင်း အမျိုးအစား (၄)မျိုးအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဝန်ထမ်းများ လက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်းသိရသည်။

သက်လွင်စိုး၊ အောင်ကျော်စိန် ခရိုင်(ပြန်/ဆက်)‌