ဂွ ဇန်နဝါရီ ၂၆
ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင် အသက် ၅ နှစ်မှ ၁၂ နှစ်ကြား ကျောင်းသား၊ ကျောင်းသူများအား ထပ်ဆောင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Booster dose) (Myancopharm) ထိုးနှံပေးခြင်းကို အခြေခံပညာကျောင်းများရှိ စုရပ်များတွင် ထိုးနှံပေးလျက်ရှိရာ ယမန်နေ့က စုရပ် အ.လ.က(ဒေါင့်ချောင်း)၊ အ.မ.က(ဗောဓိ) နှင့် အ.လ.က (ခွဲ) (ဒိုးတန်း)ရှိ ကျောင်းသား၊ ကျောင်းသူ (၄၀၀)ဦးကလည်းကောင်း၊ ယနေ့တွင် အ.ထ.က (တောင်ပေါက်)နှင့် အ.လ.က (မကျေးငူ)ရှိ ကျောင်းသား၊ ကျောင်းသူ (၁၈၈) ဦးက လည်းကောင်း စုရပ်များ၌ လာရောက်ထိုးနှံခဲ့ကြကြောင်း သိရသည်။
ထိုသို့ ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးရာတွင် ဆေးထိုးရန် ရောက်ရှိလာသော ကျောင်းသား ကျောင်းသူများအား ကျန်းမာရေးဝန်ထမ်းများက ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းပေးခြင်းတို့ကို ဆောင်ရွက်ပြီး ကာကွယ်ဆေးများကို စနစ်တကျ ထိုးနှံပေးခဲ့ကြသည်၊၊ ထို့နောက် မိနစ် ၃၀ ခန့် အနားယူစေပြီး ကျောင်းသား၊ကျောင်းသူများအား ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ရွှေရည်ဝင်းကျော်