စစ်တွေ ဇန်နဝါရီ ၂၅
စစ်တွေခရိုင်၊ ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဆွေးနွေးပွဲ Talk Show ကို ယနေ့ နေ့လယ်ပိုင်းက ပြုလုပ်သည်။
ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စစ်တွေခရိုင်ရုံးမှ ဦးစီးအရာရှိ ဦးမြင့်စိုးက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများအားအသိပညာပေးလုပ်ငန်းများဆောင်ရွက်နေမှုနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားသည်။ ထို့နောက် ဦးမြင့်စိုးနှင့် စစ်တွေခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဦးမောင်လှဝင်းတို့က စားသုံးသူအခွင့် အရေးနှင့် အကျိုးစီးပွားကာကွယ်ရေး၊ ကုန်စည်(သို့မဟုတ်)ဝန်ဆောင်မှုကို ဘေးအန္တာရယ် ကင်းရှင်းစွာ အသုံးပြုခွင့်ရရှိရေး၊ စားသုံးသူစိတ်ကြိုက် ရွေးချယ်ဝယ်ယူခွင့်၊ စားသုံးသူကာ ကွယ်ရေးဥပဒေ၊နည်းဥပဒေများ၊ စားသုံးသူရေးရာဦးစီးဌာနမှ ရခိုင်ပြည်နယ်အတွင်းဆောင်ရွက် နေသည့် လုပ်ငန်းများနှင့် ပတ်သက်သည့် အကြောင်းအရာများကို အသိပညာပေးဆွေးနွေး ပြောကြားခဲ့ကြသည်။
စစ်တွေခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများအားအသိ ပညာပေးလုပ်ငန်းများဆောင်ရွက်လျက်ရှိပြီး ရုံးစာကြည့်တိုက်များတွင် စာအုပ်၊ စာပေများအား အခမဲ့ ငှားရမ်းပေးခြင်း၊ ပြည်သူများအသိပညာဗဟုသုတ ရရှိစေမည့် အစီအစဉ်များကို Online မှတစ်ဆင့် ထုတ်လွှင့်ပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
မြို့နယ်ပြန်/ဆက်