ဂွ ဇန်နဝါရီ ၂၅
ရခိုင်ပြည်နယ်၊ ဂွမြို့တွင် ကျောင်းသား၊ကျောင်းသူများ ဉာဏ်ပညာတိုးတက်မြင့်မားစေရန် ရည်ရွယ်၍ ပြိုင်ပွဲများ ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နေ့လယ်ပိုင်းက မြို့နယ်ပြည်သူ့စာကြည့်တိုက်၌ ကျင်းပပြုလုပ်ခဲ့သည်။
ကျောင်းသား၊ကျောင်သူများအနေဖြင့် ကျောင်းစာတွင်သာမက စိတ်အပန်းပြေပျော်ရွှင်စေရန်နှင့်ဉာဏ်ပညာများ တိုးတက်မြင့်မားစေရေးအတွက် အရုပ်ဆက်ပြိုင်ပွဲ၊ ပူဖောင်းဂိမ်းပြိုင်ပွဲ၊ ဆေးရောင်ခြယ်ခြင်း၊ ကျားကစားခြင်း၊ ပုံပြင်ပြောခြင်း စသည့် အစီအစဥ်များ ကျင်းပပေးခြင်းဖြင့် ဂွမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများကအသိပညာပေး လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။
ရွှေရည်ဝင်းကျော်