ပေါက်တော ဇန်နဝါရီ ၂၅
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ ပုံမှန်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၁ နာရီတွင် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဆန်းထွန်းက ကျောင်းအခြေပြု အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်း ကျောင်းအခြေပြု ကိုဗစ်- ၁၉ရောဂါကာကွယ်ဆေးထိုးကိစ္စရပ်များ၊ နယ်လှည့် ဆေးကုသရေးအဖွဲ့များရောက်ရှိမည်ဖြစ်ပြီး ပြည်သူများအား ဆေးကုသပေးမည်ဖြစ်ပြီး ဌာနဆိုင်ရာအကြီးအကဲများအနေဖြင့် ပါဝင်ကူညီဆောင်ရွက်ပေးကြရန်နှင့်အပတ်စဥ်စနေနေ့တိုင်း မြို့သန့်ရှင်းသာယာလှပရေးအတွက်ဌာနဆိုင်ရာများအနေဖြင့် မပျက်မကွက်လာရောက်ကြစေလိုကြောင်း၊ မိမိတို့ရုံးအဆောက်အဦအတွင်းအပြင် သန့်ရှင်းသာယာလှပစေရေးကိစ္စရပ်များ၊ ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီဖြစ်သဖြင့် မိမိတို့ရုံး/ကျောင်းတို့ကို မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ကိစ္စရပ် များဆောင်ရွက်ထားရှိစေလိုပါကြောင်း၊ မြို့ရေပေးဝေရေးကိစ္စရပ်များ၊ မြို့နယ်လူမှုအကျိုးပြု ဆောင်ရွက်ရေးကိစ္စရပ်များ၊ ဌာနဆိုင်ရာ အကြီးအကဲများအနေဖြင့် မိမိတို့ဌာန လုပ်ငန်းဆောင်ရွက်မှုများအား ရှင်းလင်းတင်ပြပေးကြရန်ဆွေးနွေးပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာများက လက်ရှိလုပ်ငန်းဆောင်ရွက်နေမှုများ၊ လိုအပ်ချက်များအားဆွေးနွေးတင်ပြကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ကလိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
မြို့နယ်(ပြန်/ဆက်)