ဘူးသီးတောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပုံမှန်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးပြုလုပ်

ဘူးသီးတောင်  ဇန်နဝါရီ  ၂၅

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်၁၀နာရီတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျန်အေးကနယ်လှည့်ဆေးကုသရေးအဖွဲ့များ ရောက်ရှိမည်ဖြစ်ပြီး စုရပ်(၄)ရပ်ခွဲပြီး ပြည်သူများအား ဆေးကုသပေးမည်ဖြစ်ပြီးဌာနဆိုင်ရာ အကြီးအကဲများအနေဖြင့်ပါဝင်ကူညီဆောင်ရွက်ပေးကြရန်နှင့် မြို့နယ်အတွင်း အားကစားသမားများစုစည်းပြီးခရိုင်သို့ သွားရောက်ယှည်ပြိုင်မည့် ကစားသမားများအား မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် ဌာနဆိုင်ရာများပူးပေါင်းပါဝင်စေလိုကြောင်း၊ ပွင့်လင်းရာသီသို့ရောက်ရှိလာပြီဖြစ်သဖြင့် မိမိတို့ရုံး/ကျောင်းတို့ကိုမီးဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေးကိစ္စရပ်များ ဆောင်ရွက်ထားရှိစေလိုပါကြောင်း၊ ဌာနဆိုင်ရာအကြီးအကဲများ အနေဖြင့် မိမိတို့ဌာနလုပ်ငန်းဆောင်ရွက်မှုများအား ရှင်းလင်းတင်ပြပေးကြရန် ဆွေးနွေး ပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာများက လက်ရှိလုပ်ငန်းဆောင်ရွက်နေမှုများ၊ လိုအပ်ချက်များအား ဆွေးနွေးတင်ပြကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ကလိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

လှကျော်(ပြန်/ဆက်)