ကျောက်တော်မြို့ လူထုအခြေပြုဗဟိုဌာန  (Community Centre) ခန်းမ၌ စစ်တုရင်ပြိုင်ပွဲ ကျင်းပ

ကျောက်တော် ဇန်နဝါရီ  ၂၅

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် စစ်တုရင်ပြိုင်ပွဲကို ယမန်နေ့နေ့လယ်(၂) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ကျောက်တော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ဖြူဖြူဝင်းက စစ်တုရင်ပြိုင်ပွဲကျင်းပပြုလုပ်ရခြင်းပေးခြင်းကြောင့်  လူငယ်များအနေဖြင့် စဉ်းစားတွေးခေါ်နိုင်မှုနှင့် ဉာဏ်ရည်ဉာဏ်သွေးကို တိုးတက်စေခြင်း၊ စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်ခြင်းကို အထောက်အကူပြုစေသည့် အားကစားနည်း တစ်မျိုးဖြစ်ပြီး စာကြည့်တိုက်နှင့် ရင်းနှီးမှုရှိစေရန်၊ စာအုပ်စာပေနှင့်လည်း ရင်းနှီးမှုရှိစေရန် ကျင်းပပြုလုပ်ပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက်စစ်တုရင်ပြိုင်ပွဲအား ကျင်းပပြုလုပ်ရာပြိုင်ပွဲတွင် မူလတန်းအဆင့်နှင့် အလယ်တန်းအဆင့် ကျောင်းသား ၁၀ ဦးမှ ဝင်ရောက်ယှဉ်ပြိုင်သွားပြီး ဆုရရှိသူများအား ဦးစီးအရာရှိနှင့် တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်းသိရသည်။

ခင်မောင်ထွန်း