အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် န​ယ်လှည့်ဆေးကုသရေးအဖွဲ့က ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်ပေး

မင်းပြား ဇန်နဝါရီ ၂၄

ရခိုင်ပြည်နယ် မြောက်ဦးခရိုင် မင်းပြားမြို့၌ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်လှည့်​ဆေးကုသရေးအဖွဲ့က ဒေသခံပြည်သူများအားအခမဲ့ကျန်းမာရေးကာကွယ်စောင့်ရှောက်ခြင်းကို ဆက်လက်ပြီး ရာမောင်ခန်းမတွင်ဆောင်ရွက်ပေးလျက်ရှိသည်။

အဆိုပါ  အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့တွင်ပါဝင်သော သမားတော်၊ ဆရာဝန်ကြီးများ၊ ခွဲစိတ်ပါရဂူ၊ မျက်စိပါရဂူ၊ ကလေးပါရဂူ၊ ဓာတ်မှန်ပါရဂူ၊ အထွေထွေရောဂါကုသရေး ပါရဂူများသည် ဒေသခံပြည်သူများအားအထွေထွေရောဂါများ၊ ခွဲစိတ်လူနာများ၊ မျက်စိလူနာများ၊ ကလေးလူနာများ၊ ဓာတ်မှန်ရိုက်ရန်လိုအပ်သည့်လူနာများ ၊သွားလူနာများအားကျန်းမာရေး ကာကွယ်စောင့်ရှောက်ခြင်း၊ အခမဲ့ဆေးကုသခြင်းများကို တနေ့လျှင်မျက်စိ(၅၀)ဦး၊ သွား(၃၀)ဦး၊ အထွေထွေ(၁၀၀)ဦး၊ ကလေး(၅၀)ဦး စုစုပေါင်း(၂၃၀)ဦးအားဆက်လက်ပြီး အခမဲ့ဆေးကုသသွားမည် ဖြစ်ကြောင်းသိရသည်။

သိန်းနုအောင်