ငပလီ ဇန်နဝါရီ ၂၄
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ငပလီကျောင်းခန်းမ၌ ငပလီမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှူး ဒေါ်မြင့်မြင့်အေးက ကျောင်းသားလူငယ်များ အသိပညာ ဗဟုသုတတိုးပွားစေရေးနှင့်မူးယစ် ဆေးဝါးအန္တရယ်ကာကွယ်ရှောင်ရှားနိုင်ရေးများကို သိရှိစေရန် ရည်ရွယ်၍ ယနေ့ မွန်းလွဲ ၁နာရီအချိန်ကအမ ကငပလီကျောင်းတွင် ကျင်းပခဲ့သည်။
ထိုသို့ လူငယ်များအသိပညာပေးလုပ်ငန်း ဆောင်ရွက်ရာတွင် ရှေးဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ကလူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါကျောင်းသား၊သူများက အသိပညာပေးနံရံကပ်စာစောင်နှင့် စာအုပ်များပြသထားမှုအား စိတ်ဝင်တစား လေ့လာကြည့်ရှုခဲ့ကြကြောင်းသိရသည်။
ငပလီ၊ပြန်/ဆက်