ရွှေကျင်မြို့တွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ

ရွှေကျင် ဇန်နဝါရီ  ၂၃

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်တွင် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့ မွန်းလွဲ(၁)နာရီအချိန်က အနောက်ဘက်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းခွဲတွင် ပြုလုပ်ကျင်းပခဲ့သည်။

ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး‌ ဒေါ်နှင်းမို့မို့က အဖွင့်အမှာစကားပြောကြားပြီး ရွှေကျင်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ နည်းစနစ်မှူး ဒေါ်သီသီဆိုင်က ကျောင်းသား၊ ကျောင်းသူလေးများအား အား/ကာသိပ္ပံ တက်ရောက်နိုင်ရေး အကြောင်းအရာများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်သဲစုအောင်က လူငယ်နှင့်အားကစား ‌ ခေါင်းစဉ်ဖြင့် အကျယ်တဝင့်‌ ဟောပြောခဲ့သည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူ‌လေးများက သိလိုသည့်မေးမြန်းချက်များကို မေးမြန်းကြရာ အားကစားနှင့်ကာယပညာဦးစီးဌာနမှ နည်းစနစ်မှူး ဒေါ်သီသီဆိုင်နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်သဲစုအောင်တို့က ပြန်လည်ဖြေကြားပေး ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)