ဟိုပုံး ဇန်နဝါရီ ၂၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူ၊ လူငယ်များအား ဗလငါးတန်ဖွံ့ဖြိုးစေရေးနှင့် အခြားသော ထွေထွေဗဟုသုတများ ရရှိတိုးပွားလာစေရေး၊ သိသင့်သိထိုက်သည်များကို သိရှိနားလည်လာနိုင်စေရေးအတွက် စာဖတ်ရှိန်မြင့်မားလာစေရေးအတွက် စာအုပ်စာစာင်များ အခမဲ့ငှားရမ်းပေးခြင်းကို ယနေ့နံနက် (၁၁)နာရီအချိန်က အမှတ်(၂) အခြေခံပညာမူလတန်းကျောင်းတွင် ဆောင်ရွက်ခဲ့သည်။
အဆိုပါ မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်များအား စနစ်တကျငှားရမ်းပေးလျက်ရှိရာ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံးရှိ ဦးစီးအရာရှိ ဒေါ်နန်းခမ်းခြူးနှင့် ဝန်ထမ်းများက စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောခဲ့ပြီး စာပေဝါသနာရှင် ကျောင်းသူ၊ ကျောင်းသားများအား စာအုပ်စာစောင်များ ငှားရမ်းဖတ်ရှုနိုင်ရန်အတွက် စာအုပ်၊ စာစောင်များအား စနစ်တကျငှားရမ်းပေးခဲ့ကြောင်း သိရသည်။ စာဖတ်၊ စာငှား စာပေဝါသနာရှင် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် လေ့လာဖတ်ရှု ငှားရမ်းလိုပါက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံးရှိ ပြည်သူ့စာကြည့်တိုက်၌ အပတ်စဉ် အင်္ဂါနေ့မှ စနေနေ့အထိ နံနက် ၉ နာရီခွဲအချိန်မှ ညနေ ၄ နာရီခွဲအချိန်အထိ လာရောက်လေ့လာနိုင်ပြီး မိမိတိုဖတ်ရှု ငှားရမ်းလိုသည့် သုတ၊ ရသ စာအုပ်စာစောင်များအား အခမဲ့ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)