မိုးနဲ ဇန်နဝါရီ ၂၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အစီအစဉ်ဖြင့် ယနေ့နံနက် ၉ နာရီခွဲအချိန်က မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနနှင့် မြို့နယ်တိုင်းရင်းဆေးကုဌာနများသို့ ကွင်းဆင်း၍ စာအုပ်/စာစောင်များ အခမဲ့ငှားရမ်းပေးခြင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ရုံးစာကြည့်တိုက် စာငှား/စာဖတ် တိုးပွားလာစေရန်၊ စာကြည့်တိုက်လုပ်ငန်း ပိုမိုတွင်ကျယ်လာစေရန်၊ စာပေချစ်မြတ်နိုးသူ စာဖတ်ပရိသတ်များအနေဖြင့် လွယ်ကူစွာငှားရမ်းဖတ်ရှုနိုင်စေရန်၊ ရုံးလုပ်ငန်းများဖြင့် မအားလပ်၍ စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာဖတ်ပရိသတ်များ အနေဖြင့်လည်း ငှားရမ်းရာတွင် အဆင်ပြေစေရန်၊ စာငှား/စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ အားလပ်သော အချိန်ကို ဖုန်းအသုံးပြုမည့်အစား စာပေဖတ်ရှုလေ့လာခြင်းဖြင့် အကျိုးရှိစွာကုန်ဆုံးစေရန်၊ အမှားအမှန် ဝေဖန်ပိုင်းခြား တတ်စေရန်နှင့် စာအုပ်/စာစောင် ဖတ်ရှုလိုက်ခြင်းကြောင့် အသိပညာ၊ အတတ်ပညာပိုမိုတိုးပွားလာစေရန် ရည်ရွယ်၍ သုတ/ရသ စာအုပ်များကို အခမဲ့ကွင်းဆင်းငှားရမ်းပေးခဲ့ကြရာ စာဖတ်ပရိသတ်များက ၎င်းတို့ကြိုက်နှစ်သက်သည့် စာအုပ်များကို ရွေးချယ်ငှားရမ်းခဲ့ကြကြောင်း သိရသည်။
အဆိုပါ စာအုပ်/စာစောင်များအား ဌာနဆိုင်ရာရုံးများနှင့် အခြေခံပညာရေးကျောင်းများသို့ အလှည့်ကျလှည့်လည် ငှားရမ်းပေးခြင်း နှင့် ငှားရမ်းထားသော စာအုပ်များပြန်လည်သိမ်းဆည်းခြင်းကို အပတ်စဉ်သောကြာနေ့တိုင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဇင်ကိုကို (ပြန်/ဆက်)